PayPal


Paypal အကောင့် ပြုလုပ်ရာတွင် မြန်မာဖုန်းနံပါတ်ဖြင့် ပြုလုပ်ရရှိပြီဖြစ်ကြောင်း စမ်းသပ်သိရှိရပါသည်။ (Update on: 8 June 2019)

PayPal

Paypal Account ပြုလုပ်ရာတွင် Myanmar Address ဖြင့် ဖွင့်လှစ်ရပြီးဟု သတင်းရရှိပါသည်။ CB Bank ၏ Visa Card ကိုသုံး၍ဖွင့်ပြီး ငွေလက်ခံနိုင်ပြီဖြစ်ကြောင်း စမ်းသပ်သိရှိရပါသည်။ Paypal Account ထဲရှိ ငွေများကို ထုတ်ယူရာတွင် မြန်မာပြည်တွင်းတွင် ထုတ်ယူနိုင်သော Palpal Account အနည်းငယ်သာရှိပြီး နိုင်ငံခြားဘဏ်များဖြစ်သည့် UOB, DBS နှင့် Bangkok Bank များဖြင့် ချိတ်ဆက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
Updated on: 4 June 2019

Myanmar Visa သည် Paypal ၏ Verified Premier Member ဖြစ်ပြီး 2019 June 8th - Myanmar Telephone number can be used to open new Paypal account in Myanmar. 2003 ခုနှစ်မှစ၍ မြန်မာပြည်အတွင်းမှ စသုံးခဲ့ပါသည်။ ဤအချက်အလက်များသည် ပြည်တွင်းအသုံးပြုသူများ ဗဟုသုတရရန် အတွေ့အကြုံဖလှယ်ရန်ဖြစ်ပါသည်။

မေးခွန်းနှင့်အဖြေများကို Facebook တွင်ဆက်လက်ကြည့်ရှုပါရန်။ Please Click Here for Latest Update.


paypal paypal

ပြည်တွင်းမှာ ဘဏ်ကတ်နဲ့ ပေးလ်ပဲလ်ချိတ်လို့ရလာတာကြောင့် အွန်လိုင်းငွေချေမှုအဆင်ပြေလာ


အွန်လိုင်းငွေပေးချေမှုဖြစ်တဲ့ payment စနစ်မှာ နိုင်ငံတကာလိုအသုံးပြုလို့ ရလာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံက ထုတ်ကုန်တွေကို နိုင်ငံတကာလုပ်ငန်းတွေနဲ့ အွန်လိုင်းကတစ်ဆင့် ချိတ်ဆက်တဲ့ အခါမှာ အဆင်ပြေလာတော့မှာဖြစ်တယ်လို့ ပြည်တွင်းရှိ နည်းပညာရှင်အချို့က သုံးသပ်ကြပါတယ်။အွန်လိုင်းငွေချေမှုက Paypal လို Payment Service မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒါကတော့ အပြင်က ဘဏ်တွေအထိ တကူးတကငွေချေးယူတာတွေ၊ ငွေလွှဲပေးတာတွေကို လုပ်စရာမလိုဘဲ နိုင်ငံခြားဝက်ဘ်ဆိုက်တွေမှာ အွန်လိုင်းကနေတစ်ဆင့် အကောင့်ရှိရုံ နဲ့ငွေချေးယူတာတွေ၊ ငွေလွှဲတာ တွေလုပ်တဲ့စနစ်ဖြစ်ပါတယ်။ သည်လိုအွန်လိုင်းငွေချေမှုစနစ် လွယ်ကူလာတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်သူ တွေအနေနဲ့ ဘဏ်အထိသွားစရာမလိုတော့ဘဲကတ်နဲ့ပဲ ငွေသွင်းငွေလွှဲတွေ လွယ်လွယ်ကူကူ လုပ်လို့ ရမှာဖြစ်ပါတယ်။ KBZ ဘဏ်နဲ့ paypal နဲ့ ချိတ်လို့ရလာပြီ၊ အွန်လိုင်းမှာငွေချေလို့အဆင်ပြေလာပြီ၊ ဆာဗာတွေဝယ်လို့ရ သွားပြီ၊ paypal သုံးလို့ရရင် တော်တော်များများပွင့်သွားပြီ၊ ဗီဇာကတ်နဲ့ဝယ်လို့ရနေပြီလို့ အိုင်တီ နည်းပညာရှင် ကိုရန်နိုင်မြင့်က ပြောပါတယ်။ Payment Gateway အဆင်ပြေလာတာကြောင့် အွန်လိုင်းကနေ Education Content (အွန်လိုင်း ပညာရေးနဲ့ဆိုင်တာတွေ၊ ဆော့ဖ်ဝဲတွေ၊ အာမခံငွေသွင်းတဲ့စနစ်တွေ (Premium Service)ဝယ် ယူနိုင်ပြီဖြစ်ပါတယ်။ အဲသည် Payment Gate-way တွေကိုလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံအတွက်ကို အမေရိကန်က (US Sanction)ကြောင့် အရင်အစိုးရလက်ထက်မှာ ပိတ်ထားခဲ့ပေမဲ့ လက်ရှိအစိုးရ သစ်လက်ထက်မှာ မိမိလိုချင်တဲ့ပစ္စည်းတွေကို တိုက်ရိုက်ဝယ်လို့ရနိုင်ပြီဖြစ်ပါတယ်။ ဥပမာ ဆန်ရှင်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ နောက်တစ်ခုက အွန်လိုင်းသုံးစွဲသူတိုင်းအတွက် အဓိကကျတဲ့အချက်ကတော့ paypal ရှိရင် နိုင်ငံတကွာအွန်လိုင်းရှော့ပင်းတွေကနေ ကမ္ဘာကျော် အွန်လိုင်းရှော့ပင်းဝက်ဆိုက်တစ်ခုဖြစ်တဲ့ အမေဇုန် (Amazon)မှာတောင် အကောင့်ဖွင့်ပြီး paypal နဲ့ တိုက်ရိုက်ငွေချေ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ မာစတာကတ်ရှိတာနဲ့တင် အွန်လိုင်းငွေချေမှုစနစ်ကို ကောင်းကောင်းအသုံးချလို့ရနေပါပြီ။ နောက်တစ်ခုကတော့ ပြည်တွင်းရှိ developer တွေအတွက် အသုံးဝင်မယ့်နိုင်ငံခြားက developer တွေ သင်တဲ့ဗီဒီယိုတွေ ဝယ်ကြည့်နိုင်ပြီး E-book လိုစာအုပ်တွေလည်း ဝယ်ဖတ်လို့ရနေပါပြီ။ ဒါ့အပြင် ပညာရေးပိုင်း သင်တန်းတွေကိုလည်း အွန်လိုင်းကနေ တိုက်ရိုက်သင်ကြားလို့ အဆင်ပြေနေပါပြီ။ မြန်မာနိုင်ငံက မာစတာကတ်တွေကို အွန်လိုင်းမှာလက်ခံလာကြပြီ၊ အခုနောက်ပိုင်းတော့ ဘယ်ဘဏ်က ကတ်ပဲဖြစ်ဖြစ် အဆင်ပြေသွားပြီလို့ အိုင်တီနည်းပညာရှင် ကိုထက်ဝေယံစိုးက ဆိုပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကွန်ပျူတာစနစ်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မှုအနေ အထားစစ်တမ်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၉ မှာဖြစ်နေတာကြောင့် နည်းပညာနဲ့တွင်တွင်ကျယ်ကျယ် အသုံးချဖို့ အများကြီးလိုအပ်နေသေးတာဖြစ်ပါတယ်။



To pay for Myanmar Visa services, you can use PayPal. You can securely pay via PayPal's page and you will receive a confirmation email from Myanmar Visa as well as PayPal.

We have got you covered with Paypal. We can reimburse you if something’s not right.

Pay with peace of mind, we protect your eligible purchases. If you want to stop the visa process in the middle or we did not deliver according to our promises, Paypal and we can help you get your money back.

Millions of customers around the world use Paypal for one simple reason: it’s simple. Just an email address and password will get you through to checkout before you can reach for your wallet.

Want to file for refund? Get your return shipping costs refunded. If you purchase something with us and it’s not quite right, we can refund your return shipping costs*.

* See conditions.

Question : Can you apply for Marrige Visa in Myanmar?
Answer : You cannot apply for Marrige Visa in Myanmar.
Question : Can you apply for Social Visa online in Myanmar?
Answer : You cannot apply for Social Visa online but you are eligible to apply Social Visa in your nearest Myanmar Embassy. You can extend the Social Visa in Myanmar too.
Question : Can you apply FRC for children?
Answer : You do not need to apply FRC for children under 18 but children over the age of 18 needs to apply for a FRC.
Question : Can you apply for Luthinian Visa in Myanmar?
Answer : You cannot apply for Luthinian Visa in Myanmar but you can apply in the nearest Thai Embassy.
Question : Can I use Paypal in Myanmar?
Answer : Yes, you can use it.
Question : How can i verify my Paypal account in Myanmar?
Answer : You have to use the country as Singapore and a Singapore address. If you need help call 780 204020 or email info@myanmarvisa.com
Question : Can I get the money from Paypal in Myanmar?
Answer : Yes, you have to contact the agents who specialize in gotting money from Paypal to Myanmar.
Question : I want to pay Online Shopping/ eBay/ Alibaba/ Games/ Software/ Apps/ Gift Cards which accept Paypal. How can I do thet?
Answer : Yes, There are agents who can pay Online Shopping/ eBay/ Alibaba/ Games/ Software/ Apps/ Gift Cards with Paypal or any international credit cards or even bank transfers.
Question : PayPal Account ဖွင့်ဖို့ နိုင်ငံရွေးတဲ့နေရာမှာ Myanmar မပါတော့ ဘယ်နိုင်ငံကိုရွေးရမလဲ?
Answer : Thailand သို့မဟုတ် Singapore ကိုရွေးပြီး ဖွင့်လိုက်ပါ၊ ဖုန်းနံပါတ်မှာတော့ မြန်မာနိုင်ငံကဖုန်းကို ထည့်လို့ရပါတယ်။ ကျွန်တော်တို့ဆီက Singapore ဖုန်း၊ လိပ်စာ၊ Bank Verification တွေစီစဉ်ပေးလို့ရပါတယ်။
Question : Online Shopping မှာသုံးဖို့ မြန်မာနိုင်ငံမှာ PayPal နဲ့ ငွေလက်ခံလို့ရပြီလား?
Answer : ကျွန်တော်တို့ဆီမှာ PayPal နဲ့ ငွေလက်ခံတာကို အာမခံနဲ့ တာဝန်ယူပြီး လုပ်ပေးပါတယ်။



PayPal Personal Account ပြုလုပ်နည်း (Update on 6 June 2019)


PayPal အကောင့် ပြုလုပ်ရန်အတွက် လိုအပ်ချက်များ

1. Email Account တစ်ခု
2. CB Bank မှ Master or Visa Card (လက်ရှိ စမ်းသပ်ထားလို့ပါ၊ အခြား AYA, KBZ တို့က Visa, Master Card တွေလဲ ရတယ်လို့ သိရပါတယ်)

၁။ https://www.paypal.com/sg/ သို့ သွားရောက်ပါ။ (နိုင်ငံရွေးရာတွင် Myanmar မပါသည့် အတွက် Singapore နိုင်ငံ အနေဖြင့် ဖွင့်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။) အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ “Sign up now” buttom အား နှိပ်ပါ။

PayPal

၂။ PayPal အကောင့်စတင်ပြုလုပ်ရန် "Sign Up" အား နှိပ်ပေးပါ။ အောက်မှပြထားတဲ့အတိုင်း Get started ဆိုတဲ့စာသားနဲ့ Email လိပ်စာ တောင်းပါလိမ့်မည်။ ဖြည့်ပြီးလျှင် Next ကိုနှိပ်ပါ။

PayPal


၃။ အောက်မှာပြထားတဲ့အတိုင်း တောင်းထားတဲ့ အချက်အလက်တွေ အကုန် ပေးရပါမည်။ ဖုန်းနံပါတ်နေရာမှာ မြန်မာနိုင်ငံကိုရွေးလို့ ရပါတယ်။ Currency မှာလဲ US Dollar ကိုရွေးနိုင်ပါတယ်။ အားလုံးဖြည့်ပြီးလျင် User Agreement ကို အမှန်ခြစ် ခြစ်ပြီး Agree and Continue ကိုနှိပ်ပါ။

PayPal

၎။ ဤအဆင့်မှာ Business Information တွေကို ဖြည့်ပေးရမှာပါ။ ဖြည့်ပြီးရင် Continue ကိုနှိပ်ပါ။

PayPal


၅။ ဒီအဆင့်မှာတော့ Personal Information တွေကို ဖြည့်ပေးရပါတယ်။ ပြီးရင် Submit ကိုနှိပ်ပါ။

PayPal

၆။ ဒီအဆင့်မှာတော့ Payment အတွက် Card Information များအား ဖြည့်လိုက ဖြည့်နိုင်ပြီး မဖြည့်လိုပါက I’ll do it later ကိုနှိပ်နိုင်ပါတယ်။

PayPal


၇။ အောက်ပါအတိုင်း မြင်တွေ့ရလျင် မိမိ PayPal Account ဖွင့်ခဲ့သော Email ထဲသို့ “Complete your PayPal account setup” ဆိုသည့် mail တစ်စောင် ရောက်ပါလိမ့်မည်။ အကောင့်ပြုလုပ်ခြင်း ပြီးပြည့်စုံရန် Email အတည်ပြုပေးရန် လိုအပ်ပါတယ်။

PayPal

၈။ Email ထဲသို့ အောက်ပါအတိုင်း “Complete your PayPal account setup” ဆိုသည့် mail ရောက်လာလျင် Email confirm လုပ်ရန်အတွက် “Yes, this is my mail” ဆိုသည့် စာကို click လုပ်ပါ။

PayPal


၉။ PayPal Login Page ပေါ်လာလျင် PayPal Account ဖွင့်ခဲ့စဉ်ကပေးခဲ့သော password ကိုဖြည့်၍ Confirm Email Address ကိုနှိပ်ပါ။

PayPal

၁၀။ အောက်ပါအတိုင်း မြင်တွေ့ရလျင် PayPal Personal Account တစ်ခုကို အောင်မြင်စွာဖွင့်နိုင်ပြီ ဖြစ်ပါသည်။

သင့် Paypal Account ကို စတင်အသုံးပြုနိုင်ပါပြီ။

PayPal

Copyright © မြန်မာ့ခရီးသွားလုပ်ငန်းအထွေထွေစီးပွားရေးသမ၀ါယမအသင်းလီမိတက်





Credit : Tint Nain post မှ ကူးယူ ဖော်ပြ ပါသည် ။

master card    visa card

ပ လပ် စ တစ် ကပ် ပြား လေး ပေါ် မှာ VISA / Master Card လို့ ရေး ထား တိုင်း - Credit card မ ဟုတ် ပါ ။

လူ တစ် ယောက် ရဲ့ တန် ဘိုး ကို
. . . အ ရည် အ ချင်း
. . . လုပ် ရည် ကိုင် ရည်
. . . အ ကျင့် စာ ရိ တ္တ ဖြောင့် မတ် မှု
ဒီ ( ၃ ) ခု နဲ့ တိုင်း တာ ပါ တယ် ။

လူ တစ် ယောက် ရဲ့ တန် ဘိုး နဲ့ က မ္ဘာ ပေါ် က Credit Card များ . . . . . . . . .

နိုင် ငံ ခြား တိုင်း ပြည် တွေ မှာ အ နေ ကြာ လို့ - နိုင် ငံ ခြား ကို အ ထင် ကြီး ပြီး ရေး တာ မ ဟုတ် ။ လူ တစ် ယောက် ရဲ့ တန် ဘိုး ကို - စ နစ် တ ကျ ဘယ် လို တွက် ချက် နိုင် တယ် ဆို တာ သိ စေ ချင် လို့ ဖြစ် ပါ တယ် ။

လူ တစ် ယောက် ရဲ့ တန် ဘိုး ကို -
. . . အ ရည် အ ချင်း
. . . လုပ် ရည် ကိုင် ရည်
. . . အ ကျင့် စာ ရိ တ္တ ဖြောင့် မတ် မှု
ဒီ ( ၃ ) ခု နဲ့ တိုင်း တာ ပါ တယ် ။ ဘယ် လို တိုင်း သ လဲ ကြည့် ရ အောင် ။

Credit card စ နစ် ။

လူ ငယ် တ ယောက် ကျောင်း ပြီး လို့ / ဒါ မှ မ ဟုတ် ကိုယ် ပိုင် လုပ် ငန်း နဲ့ အ လုပ် စ လုပ် ပြီ ဆို ပါ စို့ - ဘာ Credit card မှ မ ရှိ သေး ပါ ။ ကုန် တိုက် ကြီး တွေ ( စိန် ဂေ ဟာ / City Mart လို Super Market လို ) မှာ ဈေး ဝယ် ရင်း က နေ - ဒီ လုပ် ငန်း တွေ က အ ကြွေး ဝယ် လို့ ရ တဲ့ / ကု မ္ပ ဏီ ကဒ် တွေ ထုတ် ပေး ပါ တယ် ။ Line of Credit ခေါ် ပါ တယ် ။ ပိုက် ဆံ ပါ စ ရာ မ လို - ပ လပ် စ တစ် ကဒ် နဲ့ဝယ် လို့ ရ တော့ / ပို ဝယ် ဖြစ် တယ် ဆို တာ လည်း မှန် ပါ တယ် ။ ဒါ က တော့ . . . ကိုယ့် အ တိုင်း အ ဆ နဲ့ ကိုယ် ထိန်း ပေါ့ ။ ဒီ မှာ တင် - လူ တစ် ယောက် ရဲ့ " စ နစ် " က စ ပြီ / ကိုယ် ဘယ် လို လူ မျိုး လဲ ?

တ လ လုံး သုံး ခဲ့ သ မျှ - လ ကုန် ရင် အ ကုန် ပြန် ဆပ် / ဘာ အ တိုး မှ ပေး ရန် မ လို ပါ ။ အ ချိန် ( ၁၀ ) ရက် ပေး ထား ပါ တယ် ။ အ ကုန် ပြန် မ ဆပ် နိုင် သေး ရင် - Balance ရဲ့ ၁၀% ပြန် ဆပ် / ကျန် ငွေ အ ပေါ် အ တိုး ပေး ရ ပါ မယ် ။ အ တိုး က တော့ များ တယ် / ဘဏ် တိုး ထက် ( ၂ ဆ ) ကျော် မယ် ။

ကဒ် ပြား ထုတ် ပေး တဲ့ ကု မ္ပ ဏီ က - သင့် နံ မည် / သင့် Account ကို အ ကြွေး ကွန် ယက် ( Credit Network ) မှာ ထည့် ပေး လိုက် ပါ ပြီ ။ ဒီ လို နဲ့ ( ၆ ) လ / တစ် နှစ် ကြာ လာ တော့ . . . Credit Score မှာ သင် ရ လာ တဲ့ " ကိန်း ဂ ဏန်း " က တက် လာ တယ် ပေါ့ ။ ဒီ အ ချိန် မှာ . . . ဘဏ် တိုက် ကြီး တွေ / လုပ် ငန်း အ ကြီး ကြီး တွေ က - သူ တို့ ရဲ့ Credit card ကို လက် ခံ ဘို့ ကမ်း လှမ်း လာ ပါ ပြီ ။ သူ တို့ ဆီ မှာ ပိုက် ဆံ အပ် ရန် / Account ဖွင့် ရန် မ လို အပ် ပါ ။ သူ တို့ ဘဏ် / ကု မ္ပ ဏီ ရဲ့ - VISA / MasterCard တွေ ပေါ့ ။ ဒီ ကဒ် တွေ ကျ တော့ ဆိုင် တ ဆိုင် ထဲ မှာ တင် မ ဟုတ် တော့ ဘဲ - တ က မ္ဘာ လုံး မှာ သုံး လို့ ရ ပါ တယ် ။ စ စ ချင်း . . . ထုတ် ပေး တဲ့ Standard / Classic cards တွေ မှာ တော့ - $ 3000 လောက် အ ထိ / အ များ ဆုံး သုံး စွဲ ခွင့် ရှိ မှာ ပါ ။ နှစ် တွေ ကြာ လာ သည် နှင့် အ မျှ - Credit Limit = $ 6000 / $ 1,0000 နဲ့ $ Unlimited ထိ တက် လာ မှာ ပါ ။ Classic card က နေ Gold card အ ဆင့် / Platinum card အ ဆင့် တွေ ဖြစ် လာ ပါ မယ် ။ သင့် ရဲ့ Credit Score က လည်း မြင့် သ ထက် မြင့် လာ ပြီ ပေါ့ ။

Line of Credit ကို ကုန် တိုက် ကြီး တွေ က ထုတ် ပေး သ လို - ကား တစ် စီး ကို အ ရစ် ကျ စ နစ် နဲ့ ဝယ် တာ မျိုး / အိမ် တိုက် ခန်း အ ရစ် ကျ ဝယ် တာ မျိုး တွေ မှာ လည်း / ထုပ် ပေး နိုင် ပြီး သင့် နံ မည် ( Account ) ကို Credit Score ရ လာ အောင် လုပ် ပေး ကြ ပါ တယ် ။Credit Card တွေ က တော့ အ များ ကြီး ပေါ့ ။ American Express / VISA / Master / Discover / Diners' Club စ သည် ဖြင့် . . . ။ လုပ် ဆောင် ပုံ က တော့ အား လုံး အ တူ တူ ပါ ဘဲ ။ ဒီ Credit Cards တွေ အား လုံး က Credit Network တစ် ခု ထဲ က နေ - သင့် Credit Score ကို ထိန်း နေ တာ ဖြစ် ပါ တယ် ။ ကြွေး ပြန် မ ဆပ် လို့ / လိမ် ညာ လို့ . . . " Bad Credit " ဝင် သွား ပြီ ဆို ရင် တော့ - နောက် ထပ် ဘယ် Card မှ မ ရ နိုင် တော့ ပါ ။ You are DONE.

သင့် တန် ဘိုး ကို ပြ တဲ့ Credit card

သင့် မှာ Standard card လောက် ဘဲ ရှိ ရင် - ကု မ္ပ ဏီ သေး သေး / ဈေး ခပ် ပေါ ပေါ ကား လောက် ငှါး စီး လို့ ရ ပါ မယ် ။ ဒါ တောင် အ ပေါင် သ ဘော မျိုး / အာ မ ခံ တွေ ဘာ တွေ ဝယ် ခိုင်း ကောင်း ဝယ် ခိုင်း ပါ လိမ့် မယ် ။Gold card လောက် ဆို ရင် - Toyota Corolla နဲ့ အ ထက် / ကား တော် တော် ကောင်း ကောင်း တွေ / အာ မ ခံ မ ယူ ဘဲ ငှါး လို့ ရ ပါ ပြီ ။ Credit card က အာ မ ခံ ထား လို့ ပါ ။Platinum နဲ့ Unlimited Card ကိုင် ထား ရင် တော့ - လက် ထဲ မှာ ငွေ ရှိ စ ရာ မ လို ။ Ferrari / Lamborghini / Porsche / Aston Martin ကြိုက် တဲ့ ကား သာ ပြော - သင် စီး နိုင် ပါ ပြီ ။ငွေ မ လို / သင့် တန် ဘိုး က ဒါ ပါ ဘဲ ။ သင့် ရဲ့ ' အ ရည် အ ချင်း ' . . သင့် ရဲ့ ' လုပ် ရည် ကိုင် ရည် ' . . သင့် ရဲ့ ' မှန် ကန် တဲ့ အ ကျင့် စါ ရိ တ္တ ' တွေ က - သင့် ဘ ဝ ကို မြှင့် တင် ပေး လိုက် ပါ ပြီ ။

Credit Score ဆို တာ အ ခွင့် အ လမ်း ။

ဥ ပ မာ - အိမ် ခန်း ငှါး နေ ရ တဲ့ ဘ ဝ က နေ / ငွေ လေး စု မိ ဆောင်း မိ လာ လို့ / အိုး ပိုင် အိမ် ပိုင် နဲ့ နေ ချင် ပြီ ဆို ပါ စို့ ။ ငွေ တ လုံး တ ခဲ ထဲ ပေး အိမ် ဝယ် ဘို့ ဆို တာ သိပ် မ လွယ် လှ ပါ ။ အိမ် ကောင်း ကောင်း ဝယ် မယ် ဆို ရင် - ဒေါ် လာ သိန်း ဂ ဏန်း အ ထိ - ငွေ ချေး ရ ပါ တော့ မယ် ။ ဘဏ် တွေ က လည်း ချေး ချင် ကြ ပါ တယ် / အ တိုး ရ မဲ့ ကိ စ္စ ဘဲ ။ ခက် တာ က - ဒီ လူ ကို ဘယ် လို ယုံ ကြည် ပြီး / ဒိ လောက် များ တဲ့ ငွေ တွေ ချေး ရ မှာ လဲ ။ Credit System က ရှိ နေ တော့ - စုံ ထောက် ငှါး ပြီး / သင့် နောက် ကြောင်း လိုက် စုံ စမ်း ရန် မ လို ပါ ။ သင့် ရဲ့ Credit Rating ကို ရှာ ကြည့် လိုက် တာ နဲ့ - Loan approved ကို မိ နစ် ပိုင်း အ တွင်း မှာ လုပ် / ချက် ချင်း ငွေ ထုတ် ချေး ပေး လိုက် နိုင် ပါ တယ် ။

နောက် ဥ ပ မာ တ ခု . . . အ ဆက် အ သွယ် ရ လို့ / အ ကြံ ဥာဏ် ကောင်း ရ လာ လို့ - လက် ခ စား လုပ် နေ ရာ က နေ / ကိုယ် ပိုင် လုပ် ငန်း တည် ထောင် တော့ မယ် ဆို ပါ စို့ ။ အ ရင်း အ နှီး က အ များ ကြီး လို လာ ပြီ ။ ဘယ် လို ရှာ မ လဲ ? Credit ကောင်း နေ သူ တ ယောက် အ တွက် က တော့ ပူ စ ရာ မ လို ပါ ။ ဟို ဘဏ် က သူ့ ဆီ က ငွေ ယူ ပါ / ဒီ ဘဏ် က သူ့ ဆီ က ယူ ပါ - အ တိုး လျှော့ ပေး မယ် / ( ၆ ) လ ဆိုင်း ငံ့ ပေး မယ် ဆို ပြီး / Offer တွေ က ဝိုင်း ဝိုင်း လည် နေ တာ ပါ ။ မြန် မာ ပြည် က သီ ချင်း တ ပုဒ် လို ပေါ့ - " ခါ ချ နေ ရ တယ် " ။Credit ပို ကောင်း လာ သည် နှင့် အ မျှ - ချေး ငွေ အ ပေါ် ပေး ရ တဲ့ / ဘဏ် အ တိုး နှုန်း က လည်း လျော့ ကျ သွား လိုက် တာ / နောက် ဆုံး တော့ ပါး ပါး လေး ဘဲ ပေး ရ ပါ တော့ တယ် ။ သင့် အ တွက် အောင် မြင် မှု တွေ ရ လာ ဘို့ လမ်း ခင်း ပေး လိုက် သ လို ပါ ဘဲ ။ ဒါ ကြောင့် . . . အ ကြံ ဥာဏ် ရှိ သူ / အ လုပ် ကြိုး စား သူ တွေ အ တွက် က တော့ - Credit Score ဆို တာ ဖွင့် ပေ ထား တဲ့ အ ခွင့် အ လမ်း ပါ ။

Credit card က ဘယ် လို အာ မ ခံ သ လဲ ?

ကျ နော် US ကို ရောက် ခါ စ - လမ်း တွေ သိပ် မ ကျွမ်း သေး ခင် ပေါ့ ။ Corolla ကား အ သစ် လေး တ စီး ငှါး မောင်း လာ ရင်း - Hollywood မှာ ကိုယ် ကွေ့ ရ မဲ့ လမ်း ကို မြင် မြင် ချင်း / အ ချက် ပြ မီး မ ဖွင့် ဘဲ ကွေ့ ဝင် လိုက် ပါ တယ် ။ နောက် က လိုက် လာ တဲ့ အ မေ ရိ ကန် ကား ကြီး ကြီး တ စီး က - နောက် ဘက် ဒေါင့် ကို တိုက် မိ ပြီး ကျ နော့် ကား Bumper ပြုတ် ထွက် သွား ခဲ့ ပါ တယ် ။ တိုက် သွား တဲ့ ကား က ခပ် ကြီး ကြီး ဆို တော့ သိ ဟန် တောင် မ ပေါ် ပါ ။နောက် တ နေ့ . . . ကား ပြန် အပ် တော့ အ ကြောင်း စုံ ကို ရှင်း ပြ ပါ တယ် ။ ကား ငှါး တဲ့ ကု မ္ပ ဏီ က Credit card ကို တ ချက် ကြည့် လိုက် ပါ တယ် ။ " Don't worry , your card take care of it " လို့ ပြော ပြီး / ကား ကို လက် ခံ ထား လိုက် ပါ တယ် ။ လ ကုန် တော့ - VISA Card ရဲ့ Statement မှာ ကား ပြင် စ ရိတ် $ 120 ပေး လိုက် ရ ကြောင်း သာ ဖေါ် ပြ ထား ပြီး / ကျ နော့် ဆီ က တ ပြား တ ချပ် မှ ပြန် မ တောင်း ပါ ။

" သ တိ " - မြန် မာ ပြည် က Debit card တွေ နဲ့ မ မှား စေ နဲ့ ။

ပ လပ် စ တစ် ကပ် ပြား လေး ပေါ် မှာ VISA / Master Card လို့ ရေး ထား တိုင်း - Credit card မ ဟုတ် ပါ ။ မြန် မာ နိုင် ငံ ဘဏ် တွေ က - ကိုယ့် Account မှာ ငွေ ရှိ သ လောက် ကပ် ပြား ပြ ပြီး သုံး လို့ ရ အောင် / Debit card ( VISA / Master ) တွေ ထုတ် ပေး လေ့ ရှိ ပါ တယ် ။ ကိုယ့် ငွေ Balance မ ရှိ ရင် သုံး မ ရ တော့ ပါ ။သူ တို့ က ပြော ချင် ပြော မယ် - ဂျ ပန် တို့ / ဟောင် ကောင် တို့ နဲ့ ချိပ် ဆက် ပေး ထား ပြီး / နိုင် ငံ ခြား တိုင်း ပြည် တွေ မှာ သုံး လို့ ရ တယ် / ဘာ ညာ ပေါ့ ။ သုံး လို့ ရ မယ် လေ - အဲ ဒီ နိုင် ငံ မှာ ချိပ် ထား တဲ့ ဘဏ် တိုက် ကို လိုက် ရှာ ပြီး ငွေ ထုတ် ယူ နိုင် မယ် ပေါ့ ။ လမ်း ဘေး က ဆိုင် တ ဆိုင် မှာ ခေါက် ဆွဲ ကျော် မှာ စား ပြီး / အဲ ဒီ Card နဲ့ ပေး ကြည့် ပါ လား - ရ / မ ရ ။

ကျ နော့် ကို Credit card ထုတ် ပေး ထား တဲ့ ဘဏ် တိုက် ကြီး တွေ မှာ - ကျ နော့် Account တွေ မ ရှိ သ လို / ကျ နော့် ပိုက် ဆံ တ ပြား တ ချပ် မှ အပ် မ ထား ပါ ။ ဒါ ပေ မဲ့ ဒီ ကပ် တွေ က - လမ်း ဘေး ဆိုင် က နေ Five Stars Hotel ကြီး တွေ ထိ / Worldwide သုံး လို့ ရ ပါ တယ် ။ ဘယ် လို ကား မျိုး စီး ချင် လဲ ? ငွေ ထုတ် မ လား ? ကိုယ် ရောက် နေ တဲ့ နိုင် ငံ ရဲ့ ATM စက် တွေ မှာ - တစ် နေ့ လျှင် US $ 2000 နေ့ စဉ် ထုတ် လို့ ရ ပါ တယ် ။ နှစ် ပါတ် အ ထိ ပေါ့ ။ ဒါ မျိုး ကဒ် ကို Credit card လို့ ခေါ် ပါ တယ် ။

မြန် မာ နိုင် ငံ ဘဏ် တိုက် ကြီး တွေ ကိုယ် တိုင် က - Debit Card ကို / ဒါ Credit Card ပါ ဆို ပြီး ထုတ် ပေး နေ ရင် တော့ . . . ဖြောင့် မတ် တဲ့ အ ကျင့် စာ ရိ တ္တ ကို ဘယ် လို တည် ဆောက် ကြ မှာ လဲ ?

Credit Card - Debit Card ကွဲပြား ခြားနား ပုံကို စာရေးသူ ကို တင့် နိင်မှ ဗဟုတတရစေရန် လေ့လာလိုသူများအတွက်

















Facebook Please check our Facebook.
we are responding 24/7




Send mail to Visa Site Administrator
>>click here<<