Select Page

Minister of Hotels and Tourism inspected Thiri Myaing and Gandamar Myaing hotels and met the staff at Nan Myaing Hotel (Canter Criag) on 18th April.

He also met the TV crew for “Nation Branding”.

Regional Chief Minister met with U

ဧပြီ ၁၈ ရက် နံနက်ပိုင်းက ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်သည် ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ်၌ ဝန်ထမ်းများအား တွေ့ဆုံ မှာကြားကာ သီရိမြိုင် ဟိုတယ်နှင့် ဂန္ဓမာမြိုင် ဟိုတယ်တို့ကို ကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် မန္တလေး ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အမှုဆောင် အဖွဲ့အား ဧရာဝတီ ရေးဗားဗျူး ဟိုတယ်၌ တွေ့ဆုံမှာကြားပြီး ညပိုင်းတွင် မြန်မာနိုင်ငံ Nation-Branding မြှင့်တင်ကြော်ငြာမှု အစီ အစဉ် အတွက် ပြည်ပမှ ရိုက်ကူးရေး အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဧပြီ ၁၉ ရက် နံနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီးသည် တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် အတူ အင်းလေးဒေသ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဟိုတယ် လုပ်ငန်းရှင်များအား အင်းလေးရှိ ဗီလာအင်းလေး ဟိုတယ်၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးများနှင့် အတူ ဟိုတယ်ဇုန် ဖော်ထုတ်မှု အခြေအနေကို သွားရောက် ကြည့်ရှုခဲ့သည်။

ယင်းနောက် ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီးသည် ပင်းတယ ဟိုတယ်နှင့် ကလောဟိုတယ်ပြုပြင် မွမ်းမံမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံဟိုတယ် လုပ်ငန်းရှင်များအား တွေ့ဆုံ မှာကြားသည်။ ညနေပိုင်းတွင် ပုဂံ- ညောင်ဦးဒေသ ဧရာဟိုတယ် ခန်းမ၌ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပုဂံဟိုတယ်ဇုန်မှ ဟိုတယ်နှင့် ခရီးသွားလာရေး ဆိုင်ရာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ခရီးစဉ် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

http://www.myawady.com.mm/allnews/local/item/11819-2013-04-22-10-01-08