Select Page

ရွှေတိဂုံစေတီကြီးပေါ်သို့ မိသားစုနှင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ တက်ရောက်ဖူးမြော်

လေ့လာနေကြသူ နိုင်ငံခြားသားဧည့်သည်များကို တွေ့မြင်ရသည်။
နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းတွင် ပိုမိုများပြားစွာ ၀င်ရောက်လာကြသည်ကို
သတိထားမိသည်။ ညနေ (၃) နာရီမှ (၆) နာရီအတွင်း ရွှေတိဂုံစေတီပေါ်သို့ နိုင်ငံခြားဧည့်သည်များ အများဆုံးတက်ရောက်တတ်သော အချိန်ပင်ဖြစ်သည်။
အိမ်သာလို့ ဧည့်လာ ဧည့်လာလို့စည်ကားသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ရင်ပြင်ပေါ်သို့
တက်ရောက်လာသည့်ဧည့်သည်များကို ပြန်လည်စစ်တမ်းထုတ်သော် ထိုင်းလူမျိုးများက အများဆုံးဖြစ်ပြီး ဒုတိယမှာ တရုတ်လူမျိုးများဖြစ်သည်။ နောက်အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊

ကိုရီးယား၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလိပ်စသည်ဖြင့် လူမျိုးအစုံစုံကိုတွေ့ရသည်။ တစ်နှစ်ပတ်လုံး

နိုင်ငံခြားဧည့်သည်ပြတ်သည့်နေ့ဟူ၍ပင် မရှိပါချေ။
ပြီးခဲ့သောနှစ် (၂၀၁၁) ခုနှစ် တစ်နှစ်ပတ်လုံး ဇန်န၀ါရီမှ ဒီဇင်ဘာအထိ ၀င်ရောက်မှုမှာ ဧည့်သည်(၂၂၅,၃၈၁) ဦး ၀င်ရောက်ခဲ့ပြီး ထိုသို့ဝင်ရောက်မှုအတွက် ရရှိသည့်ငွေကြေးမှာ အမေရိကန်ဒေါ်လာ (၅၅၈,၈၂၀) ဖြစ်ကာ အက်ဖ်အီးစီ (၅၆၈,၀၈၅) ရရှိခဲ့ကြောင်း

စေတီတော်ကြီး၏ နိုင်ငံခြားငွေဌာနမှတ်တမ်းအရ သိရှိရသည်။
(၂၀၁၁) ခုနှစ် စက်တင်ဘာလနှင့် (၂၀၁၂) ခုနှစ် စက်တင်ဘာလ လတူချင်းကိုပင်
နှိုင်းယှဉ်ကြည့်ပါက နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုမှာ ယခုနှစ်၍ ဦးရေ (၉,၅၀၀) ကျော် ပိုမိုဝင်ရောက်ကြောင်း ဆန်းစစ်တွေ့ရှိခဲ့ရသည်။
(၂၀၁၁) ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာအထိ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုမှာ (၁၄၇,၇၆၀)
ရှိခဲ့ပြီး ၀င်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ (၂၈၆,၀၅၂) ဖြစ်ပြီး အက်ဖ်အီးစီ (၄၅၂,၇၄၈)

ဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။
(၂၀၁၂) ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာအထိ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုမှာ (၂၁၂,၉၇၃)
ရှိပြီး ၀င်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ (၉၉၈,၈၈၇) ဖြစ်ပြီး အက်ဖ်အီးစီ (၆၅,၉၇၈) ဖြစ်ကြောင်း

လေ့လာတွေ့ရှိရသည်။
ပြီးခဲ့သောနှစ်နှင့် ယခုနှစ်ကိုးလတာကို ပြန်လည်သုံးသပ်ရသော် ယခုနှစ်တွင်နိုင်ငံခြား

ဧည့်သည်ဝင်ရောက်မှု (၆၅,၂၁၃) ဦး ပိုမိုဝင်ရောက်ကြောင်း တွေ့ရှိရသည်ဖြစ်ရာ

နိုင်ငံတော်၏တည်ငြိမ်အေးချမ်းမှု အပေါင်းလက္ခဏာပြယုဂ်များပင်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

နိုင်ငံခြားဧည့်သည်များ တိုးတက်ဝင်ရောက်

နိုင်ငံခြားဧည့်သည်များ တိုးတက်ဝင်ရောက်

source: မြန်မာ့အလင်းသတင်းစာ