Select Page

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (၇)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ

အစည်းအဝေးကို အောက်တိုဘာ(၇)ရက် နံနက်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI Office Tower ပထမထပ် အစည်းအဝေးခန်းမတွင်

ကျင်းပသည်။
ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ ဥက္ကဌ ဦးမောင်မောင်ဆွေက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် အခမ်းအနားအစီအစဉ်အတိုင်း ကျင်းပကြသည်။
ယင်းနောက် (၂၀၁၁ – ၂၀၁၂)ခုနှစ် အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းများ

နုတ်ထွက်ပြီးနောက် အလုပ်အမှုဆောင်ကော်မတီဝင် ရွေးချယ်တင်မြှောက်ရေး

ကော်မရှင်ဝင်များအဖြစ် ဦးခင်မောင်လတ်၊ ဦးမျိုးလွင်၊ ဦးနိုင်ဘွားတို့ကဆောင်ရွက်ပြီး

အသင်းဝင်များက အလုပ်အမှုဆောင်ကော်မတီဝင်များကို ဆန္ဒမဲပေး၍ရွေးချယ်ကြသည်။ ယင်းနောက် ဥက္ကဌ ဒေါက်တာအောင်မြတ်ကျော်၊ အထွေထွေအတွင်းရေးမှူး ဦးနောင်နောင်ဟန်
တို့ပါဝင်သည့် အလုပ်အမှုဆောင် (၂၉)ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း