Select Page

ရတနာပုံကုမ္ပဏီလီမိတက်မှ Online Payment Gateway (Y Pay) စနစ်နှင့် Online Shopping (Y Storne)စာနယ်ဇင်းမိတ်ဆက်ပွဲ ကို သြဂုတ်လ ၁ရက်နေ့၊ နေ့လည် ၂း၀၀ ခန့်တွင် လှိုင်တက္ကသိုလ် နယ်မြေရှိMICT Park, Main Buildingတွင် ကျင်းပပြုလုပ်ခဲ့ သည်။

Online Payment Gateway

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်လုပ်ကိုင်မည့် ရတနာပုံ Online Payment Gateway၀န် ဆောင်မှုနှင့်ပတ်သက်၍ ““တယ် လီဖုန်းပြောဆိုခ၊ လျှပ်စစ်မီတာခ များ စသည်တို့ကို ပြည်သူများ အနေဖြင့် ဘဏ်တွင် အကောင့် တစ်ခုရှိရုံဖြင့် အင်တာနက်ရရှိ သည့် မည်သည့်နေရာမှမဆို ပေး သွင်းနိုင်ခြင်း၊Y-Store မှE-Travel, E- Business, E-Commerce များ၊ ကားလေလံရောင်း/ ၀ယ်ခြင်းများ လုပ်ကိုင်နိုင်ပြီး မြန်မာပြည်ဈေးကွက်သစ်တစ်ခု ဖန်တီးနိုင်မည်ဖြစ်ကြောင်း””ကို ရတနာပုံကုမ္ပဏီလီမီတက် စီမံကိန်း များ တည်ဆောက်ရေးဌာနကြီး ၏ ဌာနမှူးဦးအောင်စံမြတ်မှ ရှင်းလင်းပြောကြားခဲ့သည်။
Easy Pay Co., Ltd မှ Y Pay စနစ်ကို အလုံခြုံဆုံးစနစ်ဖြစ် အောင် ပြုလုပ်ထားကြောင်း၊Verification များ ပြုလုပ်ခြင်းများ ပြီးဆုံးမှသာ Online Shoppingစတင်နိုင်မည်ဖြစ်ကြောင်း ၉၉.၉၉% အထိ လုံခြုံအောင်System ကို ပြုလုပ်ထားပါကြောင်းကို အဆိုပါ ကုမ္ပဏီမှ ကိုဝေဖြိုးသူမှ ပြောကြား ခဲ့သည်။
Y Pay နှင့် ချိတ်ဆက်အသုံး ပြုမည့် Online Shopping Service Yatanarpon Store (Y-Store) အကြောင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင်E-Commerce စနစ် ကျယ်ပြန့်ထွန်းကားလာစေ ရန်၊ အောင်မြင်သော Online Market Placeကြီး ဖွံ့ဖြိုးလာစေ ရန်IT နည်းပညာနှင့်Internet Businessကို စီးပွားရေးလုပ်ငန်း ရှင်များမှ ပီပြင်စွာ အသုံးချလာ နိုင်စေရန်၊ Online မှ ဈေးဝယ်ယူ သူများ အနေဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာစွာ သက်သောင့် သက်သာ ၀ယ်ယူနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း မိမိတို့ ဖောက်သည်များအား Online Shopping Services ပေးထားနိုင် ရန်၊ စီးပွားရေးကဏ္ဍနှင့် နည်း ပညာကဏ္ဍအား ပေါင်းစပ်သောOnline Shopping Services တွင် မိမိတို့၏ လုပ်ငန်းများမှာ ရှေ့ ဆောင်လုပ်ငန်းများအဖြစ် ပါဝင် လာစေရန် ရည်ရွယ်ကြောင်းနှင့် Y-Store ၀န်ဆောင်မှုများမှာ Y-Store Multi Merchant Marketplace- Y Store တွင် စတင် ရောင်းချခြင်းအားဖြင့် ၀ယ်ယူသူ များအနေဖြင့် မိမိတို့ကြိုက်နှစ် သက်ရာဆိုင်မှ စိတ်ကြိုက်ရွေး ချယ်ဝယ်ယူနိုင်စေရန် ဆောင်ရွက် ပေးခြင်း၊Company Name (သို့)Shop Name ၊ Address များနှင့် တကွ မိမိကုန်ပစ္စည်းအား Website တွင် ဖော်ပြပေးခြင်း၊ ပြောင်းလဲ နေသည့် ဈေးနှုန်းများကို ကိုယ် တိုင်ပြင်ဆင်နိုင်ရန်အတွက် အသုံး ပြုပုံကို User Training ပေးထား ခြင်း၊Y- Store Marlcetplace တွင် ရောင်းချသောပစ္စည်းများကို အလွယ်တကူ ရောင်းချနိုင်စေ ခြင်းThird Party Store (ကိုယ်ပိုင် Online Shopping Website)Third Party Store များ အနေဖြင့် သီးခြားလွတ်လပ် သော ကိုယ်ပိုင် Website ကိုယ်ပိုင်Domain Name များဖြင့် ရပ်တည် ရောင်းချနိုင်ခြင်း၊Third Party Store ပေါ်တွင် တင်ထားသည့် ကုန်ပစ္စည်းများသည် မိမိတို့၏ စတိုးမှသာမကY-Store ပေါ် တွင်လည်း အလိုအလျောက် ရောက်ရှိ၍ ရောင်းချနိုင်ခြင်း၊Website နှစ်ခုပေါ်တွင် တင်၍ ရောင်းချနိုင်သော အားသာချက် ဖြစ်ကြောင်း၊ ၂၄ နာရီ ပိတ်ရက် မရှိ ဖွင့်လှစ်ထားသော စတိုးများ ဖြစ်သဖြင့် ၀ယ်ယူသူများမှ ၎င်းတို့ စိတ်ကြိုက်နှစ်သက်သော အချိန် တွင် အဆင်ပြေစွာ ၀ယ်ယူနိုင် ခြင်း၊Delivery Serviceကို ထည့် သွင်းပေးထား၍ မိမိတို့ပစ္စည်း အား ပို့ဆောင်ရေးအတွက် စိတ်ပူစရာမလိုခြင်း၊ ကိုယ်ပိုင်Domain ရရှိပြီး၊ ရက်အနည်းငယ် အတွင်း အသင့်အသုံးပြုနိုင်သောWebsite တစ်ခု ဖြစ်စေရန် ဆောင်ရွက်ပေးထားခြင်းThird Party Website သည် Payment System နှင့် ချိတ်ဆက်ပြီးသော အသင့်သုံး Website Package ဖြစ်ကြောင်းကို အဆိုပါကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ကိုထက် နိုင်လင်းမှ ရှင်းလင်းခဲ့သည်။
Online တွင် ရောင်းချခဲ့ သော ဈေးနှုန်းများသည် ပြင်ပ တွင်ရောင်းချသော ဈေးနှုန်းများ နှင့် တူညီ၍ ၀ယ်ယူသူများ အဆင်ပြေခြင်း၊ ရန်ကုန်မြို့တွင်း သာမက အခြားမြို့ကြီးများသို့ လည်း ပို့ဆောင်ပေးခြင်း၊ အမှား အယွင်းတစ်စုံတစ်ခုဖြစ်ပေါ်လာခဲ့ လျှင် ငွေပြန်အမ်းသော Petum Policy စနစ်ပါရှိခြင်းတို့ကြောင့် စိတ်ချစွာဝယ်ယူနိုင်သော အကျိုး ကျေးဇူးများ ပါရှိကြောင်းသိရ သည်။

source: http://www.hotnewsweekly.com