Select Page

Wednesday, 01 June 2011 13:53
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တာချီလိတ်နှင့် ကော့သောင်းမြို့ ဝင်ပေါက်များမှ စမ်းသပ်သည့် အနေဖြင့် ကမ္ဘာ့လှည့်ခရီးသွားများ ဝင်ရောက်ရန် စတင်ဖွင့်ပေးမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။ “ဒီကနေ စမ်းသပ်တဲ့အနေနဲ့ ကော့သောင်းတို့ တာချီလိတ်တို့ စဖွင့်မယ်။ နောက်ပိုင်းကျရင် မြဝတီ မဲဆောက်ကို ဖွင့်မယ်” ဟု မေ ၂၅ရက်က မြရိပ်ညိုဟိုတယ်တွင် ဦးခင်ရွှေက ပြောကြားခဲ့သည်။ ပုံမှန်ခရီးသွား ရာသီများတွင် မူဆယ်ဝင်ပေါက်မှ တရုတ်နိုင်ငံသားများ ဝင်ရောက်မှုများပြီး တာချီလိတ်ဝင်ပေါက်မှ ထိုင်းနိုင်ငံသားများ ဝင်ရောက်မှု များသည် “မြဝတီဝင်ပေါက် ဖွင့်ရင်တော့ ထိုင်းတွေ တော်တော်လာကြမှာ။ ဒါပေမဲ့ ဒီဝင်ပေါက်ဖွင့်မယ်လို့ အရင်ဝန်ကြီးတွေတုန်းကတည်းက ပြောနေကြတာ”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ မြဝတီဝင်ပေါက် ဖွင့်လှစ်လိုက်ပါက ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်မည့်သူ များလာနိုင်ပြီး မြဝတီမဲဆောက် ဝင်ပေါက်အား ၂၀၁၀ပြည့်နှစ် နှစ်လယ်ပိုင်းမှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့လှည့် ခရီးသွားလုပ်ငန်း တိုးတက်စေရန် မြန်မာပြည်ဝင်ပေါက် အားလုံးအား နောက်ပိုင်းတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားကာ ပြီးခဲ့သည့်နှစ် လေဆိပ်ဝင်ပေါက်မှ ကမ္ဘာ့လှည့်ခရီးသွား သုံးသိန်းခန့် ဝန်ရောက်ခဲ့ကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။