Select Page

Arrivals increasing on MAI Direct Flights which offers Visa on Arrival.

Eleven Media Group web site reports that increased arrivals seen at On-arrival-visa-privileged MAI – Myanmar Airways International`s direct flights from Siam Reap and Guangho to Yangon. MAI started visa on arrival on 23rd Feb, 2011 with its maiden voyage from Siam Reap to Yangon.

“Most tourists are more interested in Visa on Arrival especially those who want to decide on a short notice. Otherwise you have to queue at a Myanmar Embassy which is away from city centers (e.g Consulate General’s office in Kunming, China) as there is no online system. It is not convenient for travelers who want to come to visit Myanmar in a short notice and they will go to elsewhere there is easier entry visa (or no visa required countries) said a Travel and Tour company operator.

ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခွင့် ပြုထားသည့် ကွမ်ကျိုးနှင့် ဆီယမ်ရိ ခရီးစဉ်များဖြင့် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ ၀င်ရောက်မှု များပြား

”ဆိုက်ရောက်ဗီဇာပေးတော့ ခရီးသွားတွေ တက်လာတာ အသိသာကြီးပါ။ ရပ်လိုက်တော့လည်း နည်းနည်းတော့ ပြန်ကျသွားပေမယ့် ခရီးသွားရာသီ ဖြစ်တော့ ၀င်လာကြပါတယ်။ အခုလို ခရီးသွားနည်းတဲ့အချိန်၊ ကိုယ့်နိုင်ငံက အပြောင်းအလဲကို စတင် ကျင့်သုံးချိန်မှာ ဆိုက်ရောက်ဗီဇာ ပြန်ခွင့်ပြုသင့်ပါတယ်။ ခရီးသွားကဏ္ဍ တိုးတက်ဖို့ နိုင်ငံတကာမှာ ဗီဇာကင်းလွတ်ခွင့်တွေ ကျင့်သုံးနေကြတယ်လေ။ လုံခြုံရေးကလည်း အရေးကြီးပေမယ့် တစ်ဖက်ကကြည့်ရင် မြန်မာနိုင်ငံမှာ investment တွေ များလာနိုင်တဲ့ အနေအထား၊ ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု ပိုလာတဲ့ အခြေအနေတွေကိုကြည့်ပြီး အစစ အရာရာ အဆင်ပြေစေတဲ့ Arrival Visa စနစ်ကို ပြန်ကျင့်သုံးသင့်ပါပြီ”ဟု နိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆိုက်ရောက်ဗီဇာစနစ်ကို ကျင့်သုံးခြင်းဖြင့် ဗီဇာရရှိရန် အဆင့်ဆင့် ပြုလုပ်ရသည့် အတွက် အချိန်ကြန့်ကြာမှုများ၊ ခရီးစဉ် နှောင့်နှေးမှုများ၊ ဗီဇာ ရရှိရန် စောင့်ဆိုင်းရမှုကြောင့် လေယာဉ်လက်မှတ် သက်တမ်းကုန်သည့် ဖြစ်ရပ်များ စသည့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ကြန့်ကြာမှုများ လျော့နည်းသွားကာ ခရီးသွားများလည်း ပိုမို ၀င်ရောက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားရေးရာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

More >>>
http://news-eleven.com/index.php?option=com_content&view=article&id=8474:2011-05-18-05-01-18&catid=42:2009-11-10-07-36-59&Itemid=112

+29 #1 aung ning 2011-05-18 14:24
ပြောတော့ဈေးကွက်စီးပွါးရေးတဲ့ ဆိုက်ရောက်ဗီဇာထုပ်ပေးဖို့တောင် မှ MAIစီးမှ ရမယ်ဆိုတော့ ဘာကြီးလဲ MAI အနေနဲ့နိုင်ငံတကာဈေးကွက်မှာ မယှဉ်နိုင်လို့ဒီလိုလုပ်တာလား မြန်မာပြည်ထဲမှာ မဟုတ်ဘူးနော် နိုင်ငံတကာနဲ့ပါ တ်သက်နေတာ ဒီလိုဆက်လုပ်နေရ င် အရှက်တော့ကွဲပြီးရင်းကွဲတော့မယ် ။